Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

YBSယာဉ်(၁)စီး ဓာတ်တိုင်ကိုဝင်တိုက်ပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်ပွား


၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၃)ရက်

YBSယာဉ်(၁)စီး ဓာတ်တိုင်ကိုဝင်တိုက်ပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှသိရပါတယ်။

ဇန်နဝါရီလ(၁၂)ရက် ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ အမှတ်(၄)လမ်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီ့ဖြစ်စဉ်မှာ ယိုစိမ့်သွားတဲ့ဂတ်စ်ပိုက်ကိုပိတ်ပြီးကြောင်းနဲ့ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၊ရွှေမေတ္တာ လူမှူကူညီရေးအသင်း မီးဆလိုက်ကူညီထား ကြောင်း မရွှေလဲ့ကဖော်ပြထားပါတယ်။

ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။