Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

YBSယာဉ်နှင့်(၁၂)ဘီးကုန်တင်ယာဉ် ခေါင်းချင်းဆိုင်တိုက်မိ၊ယာဉ်မောင်းနှင့်ခရီးသည်ငါးဦးထိခိုက်ဒဏ်ရာရ

————————————–

၂၀၂၄ခုနှစ်၊ဩဂုတ်လ၊(၂၉)ရက်

မင်္ဂလာဒုံမြို့နယ်မှာ YBS ယာဉ်နှင့် (၁၂)ဘီးကုန်တင်ယာဉ်တို့ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ဩဂုတ်(၂၉)ရက် ၊မနက်၉ နာရီ၄၆မိနစ်အချိန်ခန့်က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမှာ YBS ယာဉ်နဲ့ ကုန်တင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

YBS(၁၀၇)နဲ့ (၁၂)ဘီးတွဲကားတိုက်မိတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦး ၊ မ(၃)ဦး (အဝါရောင်အဆင့်)တို့ကို လှည်းကူးကြက်ခြေနီအသင်းမှ ရှေးဦးပြုစုကူညီမှုတွေပြုလုပ်ပေးခဲ့ပြီး လှည်းကူးဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။

ယာဥ်တိုက်မှု ဖြစ်ပွားရာကိုမင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုအဖွဲ့ များကသွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။