WFP ရဲ့ အာဟာရဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေတွေမှာ ချက်ချင်းစားသုံးနိုင်အောင် ထုတ်ထားတဲ့ လူသားချင်းစာနာမှုအကူအညီဖြစ်တာကြောင့် ရောင်းရန်မဟုတ်ဘူးလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
အာဟာရဘီစကွတ်တွေဟာ အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန် ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး မြန်မာမှာ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်း ငလျင်ဘေးသင့်တဲ့ဒေသတွေမှာ စတင်ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
WFP အနေနဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ သတင်းတွေထွက်ပေါ်လာတာကို သိရှိပြီးဖြစ်သလို ရောင်းချမှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရဘူးလို့ ထုတ်ပြန်ပါတယ်။
#mercury#mercurynews#မြန်မာ#အာဟာရဘီစကစ်#ကုလ