Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

USAIDအနေဖြင့်မြန်မာသတင်းထောက်များကို ကာကွယ်ပေးရန်ဆောင်ရွက်နေ

———————————————————————–

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၉)ရက်

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီUSAID အနေနဲ့ မြန်မာသတင်းထောက်တွေရဲ့အရေးပေါ်အခြေအနေအတွက်အကူအညီအထောက်အပံ့နဲ့ ဥပဒေဆိုင်ရာ အကူအညီအထောက်အပံ့တွေနဲ့ သတင်းထောက်တွေကို ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှသိရပါတယ်။

ထုတ်ပြန်ချက်မှာ၂၀၂၁ခုနှစ်မှ၂၀၂၄ခုနှစ်သြဂုတ်လအထိ (၄)နှစ်တာကာလအတွင်း မြန်မာအမျိုးသမီးသတင်း ထောက်(၂၈)ယောက် အပါအဝင်သတင်းထောက်(၁၇၂)ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ရန်ကုန်အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

USAID ကငွေကြေးထောက်ပံ့ထားတဲ့ လေ့လာသုံးသပ်မှုတွေအရ ၂၀၂၄ သြဂုတ်လအထိ သတင်းထောက်ပေါင်း (၁၇၂) ဦး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ကြရပြီး သူတို့ထဲမှာ အမျိုးသား (၁၄၄)ယောက်နဲ့ အမျိုးသမီး (၂၈) ယောက်ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေကို အသံတိတ်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရဲစွမ်းသတ္တိရှင် သတင်းထောက်တွေ အထူးသဖြင့် အမျိုးသမီးတွေဟာ ကြံ့ကြံ့ခံဆက်လက်ရပ်တည်ပြီး အန္တရာယ်များတဲ့ အခြေအနေတွေမှာ အမှန်တရားတွေကို ဆက်ပြီးအစီရင်ခံတင်ပြနေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။