Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သတင်း

သစ်ရွက်ခြောက်နှင့်အမှိုက်များမီးရှို့မှုကြောင့် ထွက်ပေါ်လာသည့်အခိုးအငွေ့များကျန်းမာရေးကိုထိခိုက်နိုင်

========= ၂၀၂၅ခုနှစ်၊မတ်လ(၁)ရက် မြေပြင်အမှိုက်မီးရှို့မှုတွေပြုလုပ်ရာကနေကနေထွက်ပေါ်လာတဲ့အခိုးအငွေ့တွေဟာသဘာဝပတ်ဝန်းကျင်နဲ့လူတို့ရဲ့ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ သဘာဝပတ် ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ် ကိုင်နေသူတွေကထောက်ပြပြောဆိုလာပါတယ်။ အခုလိုခြောက်သွေ့ရာသီကူးပြောင်းလာချိန်မှာရန်ကုန်မြို့ရဲ့ရပ်ကွက်တော်တော်များများအပါအဝင်နေရာအများအပြားမှာအမှိုက်တွေမီးရှို့နေတာတွေကိုပြုလုပ်နေကြတဲ့အပေါ်အခုလိုသတိပေးပြောကြားလာတာဖြစ်ပါတယ်။ တောမီးလောင်ကျွမ်းခြင်းနဲ့မြေပြင်အမှိုက်မီးရှို့ခြင်းတို့ကနေထွက်ပေါ်လာတဲ့အခိုးအငွေ့များဟာသဘာဝပတ်ဝန်းကျင်နဲ့လူတို့ရဲ့ကျန်းမာရေးကိုသာမကသက်ရှိသတ္တဝါများနဲ့သယံဇာတအရင်းအမြစ်များအပေါ်ဆိုးကျိုးသက်ရောက်စေတယ်လို့ဆိုပါတယ်။ သစ်ရွက်ခြောက်များ၊သစ်ကိုင်းခြောက်များ၊အိမ်သုံးစွန့်ပစ်အမှိုက်များကိုမီးရှိုပါကလေထုထဲကို အမှုန်အမွှားများထွက်ရှိလာပြီးပတ်ဝန်းကင်လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေယုံသာမကကအသက်ရှုရခက်ခဲခြင်း၊ချောင်းဆိုးခြင်း၊မျက်စေ့/နှာခေါင်းယားယံခြင်း၊ခေါင်းကိုက်ခြင်းတိုကို့ခံစားရစေပါတယ်။