အားကစားကွင်းများတည်ဆောက်မည် ——————————————————————————————— ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ၊(၁)ရက် တောင်ဥက္ကလာပမြို့နယ်ရှိမြသီတာဘောလုံးကွင်းအတွက်မိုးလုံလေလုံအားကစားရုံတည်ဆောက်တဲ့လုပ်ငန်းနဲ့ အားကစားကွင်းတည်ဆောက်တဲ့လုပ်ငန်းတွေဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီ့လိုတည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာနမှဆောင်ရွက်မယ့်လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေကိုမြန်မာကျပ်ငွေနဲ့ တင်ဒါခေါ်ယူထားပါတယ်။