ဆိုနီနဲ့ ဟွန်ဒါတို့ဟာ Play Station 5(PS5)ဂိမ်းစက်ရဲ့လက်ကိုင်ခလုတ်နဲ့ မောင်းနှင်လို့ရတဲ့ လျှပ်စစ်ကားကို မိတ်ဆက်ပေးလိုက်ပါပြီ။
အလိုအလျောက်စနစ်နဲ့ မောင်းနှင်နိုင်တဲ့ကားတွေ ထွက်ပေါ်လာတဲ့ဈေးကွက်ထဲကို PS5 ဂိမ်းခလုတ်နဲ့ မောင်းနှင်လို့ရတဲ့ လျှပ်စစ်ကားကလည်း စိန်ခေါ်မှုအပြည့်နဲ့ ဝင်ရောက်လို့လာတော့မှာပါ။
Play Station 5(PS5)ရဲ့ DualSense Controller လက်ကိုင်ခလုတ်နဲ့ မောင်းနှင်လို့ရတဲ့ကားဖြစ်ပြီး Sony Honda Mobility ရဲ့ ဥက္ကဌ အိုင်ဇူမီ ကာဝါနီရှိ ကိုယ်တိုင်က ဒီကားကို မိတ်ဆက်မောင်းနှင်ပြခဲ့တာဖြစ်ပါတယ်။
Afeela လို့ နာမည်ပေးထားတဲ့ ဒီလျှပ်စစ်စွမ်းအားစနစ်သုံး ဇိမ်ခံကားဟာ Sedan အမျိုးအစားဖြစ်ပြီး ကားရဲ့အင်ဂျင်က အထူးပြုလုပ်ထားတဲ့ 5.3 အမျိုးအစားဖြစ်တယ်လို့ သိရှိရပါတယ်။
Play Station 5(PS5)ရဲ့ DualSense Controller လက်ကိုင်ခလုတ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ရုံနဲ့ မောင်းနှင်လို့ရတဲ့ Afeela ကားကို ဈေးကွက်ထဲမှာ စိတ်ဝင်စားမှုတွေလည်း မြင့်တက်လို့နေပါတယ်။