ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့က ဗမာတန်းကို MNDAA အဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၁၇ နေ့မှာ စတင်ဖျက်ဆီးခဲ့ပြီးနောက် မနေ့က မတ်လ ၂၆ ရက်မှာလည်း စက်ယန္တရားတွေနဲ့ ထပ်မံဖျက်ဆီးနေတယ်လို့ သတင်းကြားသိရပါတယ်။
အဲ့ဒီ အုပ်ချုပ်မှုနယ်မြေအတွင်း နေထိုင်သူတွေအတွက် လုပ်ပေးထားတဲ့ နေထိုင်ခွင့်ကတ်ပြား ကိုင်ဆောင်ထားသူတွေကိုပါ ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေ ရှိနေတာကြောင့် နေထိုင်သူတွေဟာ အခက်ကြုံနေကြရပြီလို့ ဆိုပါတယ်။
MNDAA အဖွဲ့ဟာ လောက်ကိုင်မြို့အဝင်ကနေ ဖမ်းဆီးတာတွေလုပ်နေပြီး မြန်မာလူမျိုးတွေကိုသာမကဘဲ တခြားသော တိုင်းရင်းသားတွေကိုပါ ဖမ်းဆီးတာတွေ ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။