——————————
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၃)ရက်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KBZ Payမှငွေကြေးလိမ်လည်မှုများစွာဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ လူမှုကွန်ရက်ကသတင်းတွေနဲ့ ပတ်သတ်ပြီး ဒီနေ့ ဇန်နဝါရီလ ၃ရက်နေ့မှာဘဲ KBZ Payကနေစစ် ဆေးတွေ့ရှိမှုတွေကိုထုတ်ပြန်လိုက်ပါတယ်။
KBZ Payရဲ့ထုတ်ပြန်ချက်အရ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များမှာ ဖုန်းဟန်းဆက်ပြောင်းလဲသည့်လုပ်ငန်းစဉ်(Device Change)အပေါ်မှာဘဲ သက်ရောက်မှုရှိနေခဲ့တယ်လို့ဖော်ပြထားပါတယ်။
ဒါကြောင့်လက်ရှိအချိန်မှာ ငွေကြေးလိမ်လည်မှုများထပ်မံ မဖြစ်ပေါ်ရေးအတွက် KBZ Payမှ ဖုန်းOperatorအချို့ရဲ့ ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ယာယီပိတ်သိမ်းထားမှာဖြစ်ပြီးစစ်ဆေးမှုများပြုလုပ်ပြီးချိန် ဇန်နဝါရီလ ၇ရက်နေ့မှသာ ပြန်လည်အသုံးပြုနိုင်မယ်လို့သိရပါတယ်။
KBZ Payဘက်ကနေ ငွေကြေးလိမ်လည်ခံလိုက်တဲ့အသုံးပြုသူ ၃၁ဦးရဲ့ ဆုံးရှုံးသွားတဲ့ငွေပမာဏအတိုင်း ကြိုတင်အစားထိုးစိုက်ထုတ်ပေးမှုတွေကြိပြုလုပ်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ဆိုတာဟာ ဖုန်းSim Card တစ်ခုတည်းက နောက်ထပ်ဖုန်းဟန်းဆက်ကိုပြောင်းလဲအသုံးပြုတာကိုဆိုလိုတာဖြစ်ပါတယ်။
KBZ Payကနေ ငွေပမာဏအများအပြားလိမ်လည်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် သုံးစွဲသူတွေကြားမှာလည်း KBZ Payရဲ့ Appလုံခြုံရေးအပေါ် မေးခွန်းထုတ်မှုများစွာလည်းဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။
#mercury#mercurynews#kbzpay#ငွေကြေးလိမ်လည်#ပြည်တွင်းသတင်း#Kbz