Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

FAST X – PART 2 ဟာ Fast & Furious ရဲ့နောက်ဆုံးဇာတ်ကားလို့ ဗန်ဒိုင်ဆယ်လ် အတည်ပြုပြီ

Fast & Furious ဇာတ်ကားရဲ့ခေါင်းဆောင်သရုပ်ဆောင်မင်းသား ဗန်ဒိုင်ဆယ်လ်ဟာ ဆက်လက်ပြသဖို့ ရှိနေတဲ့ FAST X – PART 2 ရုပ်ရှင်ကားဟာ Fast & Furious ရဲ့နောက်ဆုံးဇာတ်ကားဖြစ်တယ်လို့ အတည်ပြုချက်ပေးအပ်လိုက်ပြီဖြစ်ပါတယ်။

Fast & Furious ဟာ အစောပိုင်းဇာတ်ကားတွေ ထွက်ရှိချိန်တုန်းက ချီးမွမ်းမှုတွေရရှိခဲ့ပေမယ့် နောက်ပိုင်းဇာတ်ကားတွေမှာတော့ ဝေဖန်မှုတွေနဲ့သာ ကြုံဆုံရင်ဆိုင်ခဲ့ရပါတယ်။

FAST X – PART 1 ရုပ်ရှင်ကားကို ရုံတင်ပြသခဲ့ပြီးပြီဖြစ်လို့ FAST X – PART 2 ကို ဆက်ကြည့်ဖို့အတွက် ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Fast & Furious ဟာ အောင်မြင်မှုကောင်းမွန်ခဲ့တဲ့ ရုပ်ရှင်စီးရီးတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး FAST X – PART 2 ကို Fast & Furious ရဲ့နောက်ဆုံးဇာတ်ကားအဖြစ် အကောင်းဆုံးတင်ဆက်နိုင်ဖို့ကို ဗန်ဒိုင်ဆယ်လ်က မျှော်လင့်ချက်ထားရှိနေပါတယ်။

1