ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်၊ အမှတ် ၂၃ မှာရှိတဲ့ ESPERADO ဟိုတယ်ရဲ့သုံးလွှာရှိ အခန်းအမှတ် ၃၀၀၃ မှာ ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက် ၈ နာရီခွဲအချိန်လောက်က ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်းရဲ့ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦး (ခေါ်) မာရီယမ်ဟာ အခန်းထဲမှာ ကျောပြင်မှာရရှိထားတဲ့ ဓါးဒဏ်ရာငါးချက်နဲ့ ေ..–သဆုံးနေတာကို တွေ့လိုက်ရတယ်လို့ သိရှိရပါတယ်။
အခန်းထဲကနေ မိခင်ဖြစ်သူ ထွက်မလာလို့ သားဖြစ်သူ ကိုကောင်းမြတ် ဇော်က ဖုန်းခေါ်ကြည့်ချိန်မှာ ဖုန်းမကိုင်တဲ့အတွက် မာစတာကီးကို အသုံးပြုပြီး အခန်းကိုဖွင့်လိုက်ချိန်မှာ အခန်းအတွင်း မိခင်ဖြစ်သူက ဓားဒဏ်ရာများတွေနဲ့ ကြမ်းပြင်မှာ လဲကျေ..–သဆုံးနေတာကို ကိုကောင်းမြတ်ဇော်က မြင်တွေ့လိုက်ရတာဖြစ်တယ်လို့ ကနဦးသတင်းကြားသိရပါတယ်။