ရှာရွတ်ခန်း သရုပ်ဆောင်ထားတဲ့ DUNKI ရုပ်ရှင်ကားကတော့ အရမ်းကို အောင်မြင်လို့နေပါပြီ။ ဒီဇင်ဘာလ ၂၁ ရက်မှာ ရုံတင်ပြသခဲ့တဲ့ DUNKI ရုပ်ရှင်ကားကို ဇာတ်ကား အရမ်းကောင်းလွန်းတဲ့အတွက် နောက်တစ်ကြိမ် ပြန်ကြည့်ဖို့ လက်မှတ်ဝယ်ယူတာတွေ အရမ်းများနေတယ်လို့လည်း သိရှိရပါတယ်။
ရုပ်ရှင်ဝေဖန်ရေးသမားတွေကတော့ ခရစ္စမတ်ကာလရဲ့အတိတ်ပုံရိပ်ဆိုးကို DUNKI နဲ့အတူ ရှာရွတ်ခန်း ချေဖျက်ပြဖို့ သေချာနေပြီလို့တောင် မှတ်ချက်ရေးသားနေပြီပဲဖြစ်ပါတယ်။
အတိတ်ကာလတုန်းက ခရစ္စမတ်ကာလတွေမှာ ရုံတင်ပြသတဲ့ ရှာရွတ်ခန်းရဲ့ရုပ်ရှင်ကားတွေဟာ မျှော်မှန်းတဲ့အောင်မြင်မှုမျိုး မရရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ DUNKI က ရှာရွတ်ခန်းကို သမိုင်းသစ်ရေးထိုးဖို့အတွက် အခွင့်အရေးပေးလိုက်ပြီလို့ ပရိသတ်တွေကလည်း မှတ်ချက်ပေးထားကြပြီဖြစ်ပါတယ်။
ပထမဆုံး ရုံတင်ပြသတဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ပွဲစဉ်တွေအပြီးမှာတင် DUNKI က မှတ်ချက်ကောင်းတွေ ဆက်တိုက်ရရှိခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်မှာတော့ DUNKI ကို ဘင်္ဂလားဒေ့ရှ်မှာလည်း ရုံတင်ပြသနေပြီလို့ သိရှိရပါတယ်။
ဒုတိယတစ်ကြိမ် ပြန်ကြည်ဖို့ လက်မှတ်ဝယ်ယူမှုတွေ များပြားနေတဲ့အတွက် DUNKI ဟာ နှစ်သစ်ကူးကာလဆီကို ရောက်တဲ့အထိ အောင်ပွဲခံနေဖို့ သေချာသလောက် ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။