Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

Die-Cast ကားလေးတွေကို သိန်း ၂၀ ဖိုးနီးပါး ဝယ်ယူစုစည်းသိမ်းဆည်းထားသူ ကိုမှူးသိင်္ဂါအောင်

သတ္တုနဲ့ဖန်တီးထားတဲ့ Die-Cast ကားလေးတွေကို သိန်း ၂၀ ဖိုးနီးပါး ဝယ်ယူစုစည်းသိမ်းဆည်းထားသူ ကိုမှူးသိင်္ဂါအောင်
———————
လူသားတွေမှာ ရူးသွပ်စွဲလန်းမှုတွေ ရှိပါတယ်။ ဒီကနေ့ တင်ဆက်ပေးမှာက ပစ္စည်းစုဆောင်းသူတစ်ယောက်ရဲ့အကြောင်းပါပဲ။ သူ့နာမည်က ကိုမှူးသိင်္ဂါအောင် ဖြစ်ပါတယ်။ စာအုပ်တွေ ဝယ်စုတဲ့လူတွေ၊ တံဆိပ်ခေါင်းဝယ်စုတဲ့လူတွေ၊ ပန်းချီကားဝယ်စုတဲ့သူတွေလိုပဲ ကိုမှူးသိင်္ဂါအောင်ကလည်း ပစ္စည်းစုသူတစ်ယောက်ပါပဲ။ သူ ဝယ်စုတဲ့ပစ္စည်းလေးတွေက ထူးခြားပါတယ်။ သတ္တုနဲ့ဖန်တီးထားတဲ့ Die-cast ကားငယ်လေးတွေပါ။ အဲ့ဒီကားလေးတွေကို သူက အမြတ်တနိုးနဲ့ ဝယ်ယူသိမ်းဆည်း စုဆောင်းထားတာဖြစ်ပါတယ်။ ဒီသတ္တု Die-cast ကားငယ်လေးတွေ ဝယ်ယူစုစည်းဖို့အတွက် ကိုမှူးသိင်္ဂါအောင်ဟာ သိန်း ၂၀ နီးပါး သုံးစွဲခဲ့ပြီးပါပြီ။ အခုအချိန်ထိလည်း Die-cast ကားငယ်လေးတွေ ဝယ်ယူစုစည်းရတာကို ကိုမှူးသိင်္ဂါအောင်က ရင်ခုန်နေဆဲပါပဲ။ ဒီကားငယ်လေးကို ဘယ်လိုအချိန်ယူပြီး စုဆောင်းသိမ်းဆည်းခဲ့တယ်၊ မပျက်မစီးရလေအောင် ဘယ်လိုထိန်းသိမ်းထားခဲ့တယ်ဆိုတာကိုလည်း ကိုမှူးသိင်္ဂါအောင်က ပြောပြခဲ့ပါတယ်။ သတ္တုနဲ့ဖန်တီးထားတဲ့ Die-cast ကားငယ်လေးတွေ စွဲလမ်းခုံမင်စွာ စုဆောင်းနေသူ ကိုမှူးသိင်္ဂါအောင်ရဲ့အကြောင်းကို Mercury Variety က တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryCollector‘sLife #MercuryExclusiveInterview #MercuryLifeProgram #HmueTheingarAung #မှူးသိင်္ဂါအောင် #ပစ္စည်းဝယ်ယူစုစည်းသူ #Die-Cast #Car #သတ္တုကားငယ် #Yangon #Myanmar