ဇူလိုင်၂၅ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲမစတင်ခင်မှာရာသီကြိုခြေစမ်းပွဲတွေကိုလပ်အသင်းတွေကအပြိုင်အဆိုင်ကစားနေကြပြီးအဆိုပါအသင်းတွေမှာအာဆင်နယ်နဲ့ချဲလ်ဆီးတို့ကလည်းအပါအ၀င်ဖြစ်ပါတယ်။ ယနေ့နံနက်မှာတော့အာဆင်နယ်အသင်းကဘုန်းမောက်အသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပြီးချဲလ်ဆီးအသင်းကဝါရက်ဟမ်းအသင်းနဲ့ခြေစမ်းပွဲ ကစားခဲ့ကြပါတယ်။အာဆယ်နယ်အသင်းဟာဘုန်းမောက်အသင်းကိုအနိုင်မယူနိုင်ခဲ့ဘဲတစ်ဖက်တစ်ဂိုးစီသရေကျခဲ့သလိုချဲလ်ဆီးအသင်းကလည်းဝါရက်ဟမ်းအသင်းကိုတစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တာဘဲဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲဖြစ်တာကြောင့်ကစားသမားအပြောင်းအလဲများစွာမြင်တွေ့ခဲ့ရပြီးနည်းပြတွေကလည်းနည်းဗျူဟာအပြောင်းအလဲတွေပြုလုပ်လာခဲ့ကြတာကိုမြင်တွေ့ရပါတယ်။ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာရာသီကြိုခြေစမ်းပွဲတွေကစားဖို့အတွက်အမေရိကန်နိုင်ငံကိုရောက်ရှိနေကြတာလည်းဖြစ်ပါတယ်။ #အာဆင်နယ် #ချဲလ်ဆီး #အားကစား #ပရီးမီးယားလိဂ် #Mercury #Mercury
ဇူလိုင် ၂၆ ရန်ကုန် – နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်၁၇၀/ ၀ မိုင်အနီးတွင် အမျိုးသားသုံးဦးပါဝင်သည့် မော်တော်ယာဉ်တစ်စီး ယနေ့မနက်ပိုင်းတွင်
ဇူလိုင်(၂၅) မြန်မာနိုင်ငံတွင်အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်သော ရိုးမဘဏ်ဥက္ကဋ္ဌ Serge Pun ခေါ် ဦးသိမ်းဝေသည် စင်ကာပူအခြေစိုက် Yoma Strategic Holdings
ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ဟာ ပထမအကျော့ အရှုံးရလဒ်တွေကို ချေဖျက်ပြီး နှစ်ကျော့ပေါင်းရလဒ်တွေနဲ့အတူ ပြိုင်ဘက်တွေကို အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်