ဘောလိဝုဒ် ထိပ်သီးမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကာဂျိုးလ်က AI နဲ့ဖန်တီးထားတဲ့ စူပါဗီလိန်ဇာတ်ကောင်စရိုက်ဓာတ်ပုံတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေ မျှဝေလိုက်တာကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။
ကာဂျိုးလ်ဟာ လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း Lust Stories 2 တစ်ကားတည်းသာ ထွက်ရှိခဲ့ပြီး ရှေ့လာမယ့် ၂၀၂၄ ခုနှစ်ထဲမှာတော့ ကာဂျိုးလ် ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေထဲက Sarzameen နဲ့ Do Patti တို့ ထွက်ရှိလာနိုင်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
ကာဂျိုးလ်က အခုလို AI နဲ့ဖန်တီးထားတဲ့ စူပါဗီလိန်ဇာတ်ကောင်ရုပ်ကို လူမှုကွန်ရက်စာမျက်ထက်မှာ မျှဝေလိုက်တဲ့အတွက် သူမရဲ့ပရိသတ်တွေက ကာဂျိုးလ်ဟာ ဗီလိန်ဇာတ်ရုပ်နဲ့ ဇာတ်ကားဖန်တီးဖို့ စိတ်ကူးရှိနေပြီလားလို့ တွေးဆမှုတွေ ရှိနေပါတယ်။
ကာဂျိုးလ်ဟာ ဗီလိန်ဇာတ်ကောင်စရိုက်နဲ့ ဇာတ်ကားရိုက်ကူးရင်လည်း အောင်မြင်မယ့်သူလို့ ပရိသတ်တွေက လက်ခံထားကြပြီး အဲ့ဒီလိုဇာတ်လမ်းမျိုးကိုလည်း ကြည့်ရှုခွင့် ရချင်မိကြောင်း ကာဂျိုးလ်ရဲ့ပရိသတ်တွေက မှတ်ချက်ပေးရေးသားနေကြပါတယ်။