Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေထဲမှာ တကယ် မောင်းနှင်လို့ရတဲ့ Handmade သင်္ဘောတွေကို ဖန်တီးနေသူ Diorama ပညာရှင် ကိုဖြိုးလေး

အမှန်တကယ် ရေထဲမှာ မောင်းနှင်လို့ရတဲ့ Handmade သင်္ဘောတွေနဲ့ ကား၊ စက်ရုံပုံစံငယ် Handmade တွေကို ဖန်တီးနေသူ Diorama ပညာရှင် ကိုဖြိုးလေး
——————–
ကိုဖြိုးလေးကို မြန်မာ့ Homemade လက်မှုပညာရှင်တွေထဲမှာ ထူးခြားတဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အမှန်တကယ်ကို ချောင်းတွေ၊ မြစ်တွေ၊ ရေကန်တွေထဲမှာ မောင်းနှင်နိုင်တဲ့ သင်္ဘောတွေကို ဖန်တီးတီထွင်ထားနိုင်သူဖြစ်လို့ပါပဲ။ ကိုဖြိုးလေးရဲ့တီထွင်ဖန်တီးတဲ့ Homemade လက်ရာတွေထဲမှာ ထူးခြားဆန်းကြယ်တာက သင်္ဘောတွေပဲဖြစ်ပါတယ်။ တခြားဖန်တီးမှုတွေဖြစ်တဲ့ ကားတွေ၊ စက်ရုံတွေ အစရှိတဲ့ လက်ရာတွေကလည်း သေသပ်လှပေမယ့် သင်္ဘောတွေကို ကိုဖြိုးလေး ဖန်တီးထားပုံက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါပဲ။ နိုင်ငံရပ်ခြားမှာဆိုရင် တကယ့်ကို ရောင်းတမ်းဝင်အဆင့် လက်ရာမျိုးတွေဖြစ်ပါတယ်။ သင်္ဘောတွေကို ဖန်တီးရာမှာလည်း ကိုဖြိုးလေးက မြန်မာ့မြစ်ကြောင်းတွေမှာ အမှန်တကယ် ပြေးဆွဲသွားလာနေတဲ့ သင်္ဘောတွေပုံစံကို အတိအကျ ကူးယူပြီး ပုံဖော်ဖန်တီးထားတာဖြစ်လို့ မြန်မာ့အငွေ့အသက်တွေလည်း ပါရှိလို့နေပါတယ်။ ရီမုနဲ့ထိန်းပြီး သင်္ဘောတွေကို မြစ်တွေ၊ ချောင်းတွေထဲမှာ ပကတိသင်္ဘောတွေအတိုင်း မောင်းနှင်လို့ရနိုင်အောင် ဖန်တီးထားနိုင်တာကတော့ ကိုဖြိုးလေးကို လုံးဝချီးကျူးရမယ့် အချက်ပါပဲ။ အခုလို အဆင့်မြင့် Homemade တွေကို ဖန်တီးရင်း ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ Diorama ပြုလုပ်သူ ကိုဖြိုးလေးရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryCollectorLife #MercuryLifeStory #PhyoLay #ဖြိုးလေး #Handmade #Ships #သင်္ဘော #LifeStory #Cars #LittleFactories #Remote #ထူးခြားဆန်းကြယ် # ဖန်တီးတီထွင် #လက်ရာ #ချီးကျူး #Yangon #Myanmar