“အိုနာနာနဲ့ နောက်တန်းရဲ့ကောင်းမှုတွေကြောင့် နယူးကာဆယ်အတွက် မန်ယူက အချဉ်အသင်းသာသာ ဖြစ်သွားလိမ့်မယ်” – ချမ်းမြေ့သူ၊ Special Tipper
————————
“ဒီပွဲမှာ ယူနိုက်တက်ဘက်က ဂိုးသွင်းနိုင်ဖို့ မလွယ်လောက်ဘူး။ ယူနိုက်တက်ဟာ ဂိုးရဖို့ ခက်နိုင်တယ်။ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းစာရင်းထဲ ဝင်ဖို့အတွက် နယူးကာဆယ်က မန်ယူကို အနိုင်ပိုင်းပြဖို့ စိတ်ပိုင်းဖြတ်ထားလိမ့်မယ်။ မန်ယူက ခံစစ် စိတ်မချရပါဘူးဆိုတဲ့အထဲမှာ အိုနာနာက ကွင်းလယ်အထိ တက်ကန်နေတယ်။ အိုနာနာက အလုပ်အကိုင် – ဂိုးသမား၊ အားနည်းချက် – ဂိုးမဖမ်းတတ် ဆိုတာမျိုး ဖြစ်နေတယ်။ အိုနာနာ ပွဲထွက်လာမယ်၊ မက်ဂွိုင်းရား ပွဲထွက်လာမယ်ဆိုရင် နယူးကာဆယ်က လုပ်ရကိုင်ရ အရမ်းလွယ်သွားလိမ့်မယ်။ ကျွန်တော်တို့ငယ်ငယ်ကစကားနဲ့ ပြောရမယ်ဆိုရင် ပီအက်စ်ဂျီနဲ့ပွဲက စိတ်နာကျင်မှုကို ကုစားဖို့အတွက် နယူးကာဆယ်ဟာ အချဉ်အသင်းတစ်သင်း၊ သံပုရာသီးတစ်သင်းကို ပြန်တွေ့ရသလို ဖြစ်သွားပြီ။ နယူးကာဆယ်ဟာ ၂-၁၊ ၂-၀ လောက်နဲ့ နိုင်သွားပါလိမ့်မယ်” – ချမ်းမြေ့သူ၊ Special Tipper #MercuryVariety #MV #Mercury #MercurySportProgramme #Costume #ALPHA #ManchesterUnited #Newcastle #မန်ယူ #နယူးကာဆယ် #EPL #PremierLeague #ပရီးမီးယားလိဂ် #Yangon #Myanmar