“ဘရန့်ဖိုံဒ်နဲ့ကစားမယ့် ဒီနေ့ပွဲမှာလည်း မန်ယူက လိမ်ဖယ်လိမ်ဖယ်ပဲ ဖြစ်နေမယ် ထင်တယ်” – ကောင်းကောင်း၊ Special Tipper
—————————–
“ဒီနေ့ပွဲမှာလည်း ယူနိုက်တက်က လိမ်ဖယ်လိမ်ဖယ်ပဲ ဖြစ်နေမယ် ထင်တယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ သူတို့ကစားပုံနဲ့ ကစားကွက်က ဘာကို ကစားချင်လို့ ကစားနေမှန်း မသိဘူးကို ဖြစ်နေတာ။ ဘရန့်ဖို့ဒ်က အမှတ်လိုနေတဲ့အသင်း။ ယူနိုက်တက်ရဲ့အိမ်ကွင်းမှာ လာကစားရပေမယ့် သူတို့က အားတင်ပြီး ကစားသွားမယ်လို့ ထင်တယ်။ ဒီပွဲမှာ နှစ်သင်းလုံးက ထူးမခြားနားဖြစ်နေတော့ သရေဖြစ်သွားမယ်လို့ ကျွန်တော် ထင်မိတယ်” – ကောင်းကောင်း(အားကစား Content ကလောင်ရှင်) “ကျွန်တော်ကတော့ ယူနိုက်တက်ပရိသတ်ဖြစ်နေလို့လား မသိဘူး။ တစ်ပွဲလောက်တော့ မျှော်လင့်ကြည့်ချင်သေးတယ်။ ဒီပွဲက အညံ့ချင်းပြိုင်ရမယ့်ပွဲလိုသဘောမျိုး ဖြစ်နေတယ်။ နှစ်သင်းလုံးက အမှတ်တွေ၊ နိုင်ပွဲတွေ လိုနေကြတာ။ ဘရန့်ဖို့ဒ်လည်း ဒီနှစ်မှာ ညံ့နေတယ်။ ဒီလို ရုန်းကန်နေရတဲ့အသင်းအချင်းချင်းဆုံပြီဆိုရင် အိမ်ရှင်အခွင့်အရေးရှိတဲ့အသင်းက နည်းနည်းလေးတော့ သာတတ်တယ်ဗျ။ ၂-၁၊ ၁-၀ လောက်နဲ့ မန်ယူနိုင်သွားမယ်လို့ မျှော်လင့်ကြည့်ချင်တယ်” – Special Tipper(အားကစားကလောင်ရှင်)
#MercuryVariety #MV #Mercury #MercurySportProgramme #Costume #ALPHA #ManchesterUnited #Brentford #မန်ယူ #ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ် #PremierLeague #Yangon #Myanmar