Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အိမ်ကွင်းရလဒ်ကောင်းတဲ့ မန်ယူ ကပ်နိုင်သွားလောက်တယ် – ကိုနိုင်ဇော်၊ Special Tipper၊ ကောင်းကောင်း

“အိမ်ကွင်း ၃၁ ပွဲဆက်တိုက် မန်ယူ နိုင်ထားတယ်၊ မန်ယူ ကပ်နိုင်သွားလောက်တယ်” – ဂီတမှူး ကိုနိုင်ဇော်၊ Special Tipper၊ ကောင်းကောင်း
——————
“မန်ယူက ဂိုးသမား စိတ်မချရဘူး။ မန်ယူဂိုးသမားက ဖောက်နိုင်ရင် ဂိုးရသလို ဖြစ်နေတယ်။ ဘရိုက်တန်က နယူးကာဆယ်လိုအသင်းကိုတောင် ဂိုးတွေ သွင်းထားတယ်။ အစ်ကိုမြင်တာက မန်ယူရဲ့ ပြဿနာသည် နောက်တန်း မလုံဘူး၊ ဂိုးသမား မကောင်းဘူး။ ဒါပေမဲ့ မန်ယူ နိုင်သွားမယ်လို့ ကျွန်တော် မြင်တယ်။ မန်ယူအတွက် သရေနဲ့ အနိုင်ပေါ့” – ကိုနိုင်ဇော်(ဂီတမှူး) “ကျွန်တော့်အနေနဲ့ကတော့ ဒီပွဲကို ကြည့်ရရင် အိုးလ်ထရက်ဖို့ဒ်ဖြစ်တယ်ဗျာ။ မန်ယူက အိမ်ကွင်းနောက်ဆုံး ၃၁ ပွဲဆက်တိုက်က အနိုင်ရရှိထားတယ်။ ကျွန်တော်ကတော့ မန်ယူအတွက် အနိုင်တစ်ပေါက်ရှိတယ်လို့ မှန်းထားမိတယ်ဗျ” – ကောင်းကောင်း(အားကစား Content Writer) “နော်တင်ဟမ်နဲ့ပွဲကလို ပွဲစတာနဲ့ ၂ ဂိုးပေးရရင်တော့ ဒီပွဲမှာ မန်ယူ ပြန်မလာတော့ဘူး။ ဒါပေမဲ့ ဘရိုက်တန်ကို ပြန်တွက်ရမှာတစ်ခုတော့ ရှိတယ်။ ဒီပွဲပြီးရင် မန်ယူက ချန်ပီယံလိဂ်ကန်ရဖို့ ရှိသလို ဘရိုက်တန်လည်း ယူရိုပါလိဂ် ကန်ရဖို့ ရှိနေတယ်။ အသင်းငယ်တွေဟာ ဥရောပဘက်ကို အာရုံရောက်တတ်တဲ့သဘောရှိတယ်။ ဥပမာ-ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ကိုပဲ ကြည့်ပါ။ ဒါကြောင့် ယူရိုပါလိဂ်ဘက်ကို ဘရိုက်တန် အာရုံရောက်နေရင် မန်ယူအတွက် အခွင့်အရေးရှိနေတယ်။ ဒီတစ်ကြိမ်မှာတော့ ချန်ပီယံလိဂ်မစခင် စိတ်ဓာတ်မြှင့်တင်ထားဖို့အတွက် တစ်ပွဲလောက်နိုင်အောင် ကန်ထားရမယ်ဆိုတာမျိုး မန်ယူ ရှိနေနိုင်တယ်။ မန်ယူ ကပ်နိုင်သွားမယ်လို့ ထင်နေမိတယ်” – Special Tipper(အားကစားကလောင်ရှင်)
#MercuryVariety #MV #MercuryVarietySports #Sport #TalkShow #Football #Soccer #ALPHA #Costume #ManchesterUnited #ManU #မန်ယူ #ကိုနိုင်ဇော် #KoNaingZaw #ဂီတမှူး #ကောင်းကောင်း #KaungKaung #SpecialTipper #FootballPrediction #ဘရိုက်တန် #ပရီးမီးယားလိဂ် #Yangon #Myanmar

Close menu