မြေနေရာ အပြီးဖယ်ပေးရတော့မယ့် ဘုန်ဘုန်းတွေနဲ့ ဘုန်းဘုန်းရဲ့မယ်တော်က စောင့်ရှောက်ပြုစုနေတဲ့ ဒလမြို့က မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးကလေးများ ကူညီစောင့်ရှောက်ရေး ပရဟိတဂေဟာ
——————-
ဒလမြို့မှာ မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးကလေးများ ကူညီစောင့်ရှောက်ရေး ပရဟိတဂေဟာဆီကို ပရဟိတ ကိုထွန်းမင်း ရောက်သွားခဲ့ပါတယ်။ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါး ကလေးငယ်တွေ အများကြီးရှိပြီး ဒီမြေနေရာကို သီတင်းကျွတ် ဒါမှမဟုတ် တန်ဆောင်တိုင်ကိုရောက်ရင် အပြီးဖယ်ပေးရတော့မယ်လို့ သိရပါတယ်။ ဘုန်ဘုန်းတွေနဲ့ ဘုန်းဘုန်းရဲ့မယ်တော်က ဒီကလေးငယ်တွေကို ပြုစုစောင့်ရှောက်ပေးနေပြီး မြေအလှူရှင်ရှိလာခဲ့ရင်တော့ အများကြီးကောင်းနိုင်တယ်လို့ ပရဟိတ ကိုထွန်းမင်းက ပြောပြပါတယ်။ မြေအလှူရှင် ရှိလာခဲ့ရင် ဒီကလေးတွေက ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင်ပြေပြေနေလို့ ရလိမ့်မယ်လို့ ပရဟိတ ကိုထွန်းမင်းက အသိပေးပါတယ်။ တကယ်လို့ အပြီးဖယ်ပေးရမယ့်အချိန်မှာ မြေအလှူရှင်သာ ရှိမလာခဲ့ရင် ကလေတွေရဲ့ဘဝရှေ့ရေးက စဉ်းစားလို့ မရနိုင်အောင် ဖြစ်သွားနိုင်တယ်လို့လည်း ကိုထွန်းမင်းက ရှင်းပြပါတယ်။ စေတနာ အရမ်းပြည့်ဝတဲ့ဘုန်းဘုန်းဖြစ်လို့ စေတနာသဒ္ဓါတရားထက်သန်တဲ့အလှူရှင်တွေ ဒါကို သိရှိအောင် ပရဟိတ ကိုထွန်းမင်းက ကြိုးစားပေးနေပါတယ်။ ဘုန်ဘုန်းတွေနဲ့ ဘုန်းဘုန်းရဲ့မယ်တော်က စောင့်ရှောက်ပြုစုနေတဲ့ ဒလမြို့က မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးကလေးများ ကူညီစောင့်ရှောက်ရေး ပရဟိတဂေဟာရဲ့အရေးပေါ် မြေနေရာ လိုအပ်နေမှုအကြောင်းကို Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #CelebrityExclusiveInterview #LifeStory #MercuryLifeStory #Dala #ဒလ #ပရဟိတ #မိဘမဲ့ကလေး #ပရဟိတ #ဆငျးရွနှမျးပါး #မြေနေရာ #စေတနာ #ကူညီစောင့်ရှောက် #Yangon #Myanmar