၁၅ နှစ်ကြာ စိတ်ကူးထားတဲ့အတိုင်း ရိုက်ကူးရခက်တဲ့ ခွေးကို သရုပ်ဆောင်နေရာမှာထားပြီး ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးလိုက်နိုင်ပြီဖြစ်တဲ့ ဒါရိုက်တာ ဒီအေးလွင်
————–
“ခွေးကို သရုပ်ဆောင်နေရာမှာထားပြီး ကျွန်တော် ဇာတ်ကားရိုက်ဖို့ စိတ်ကူးခဲ့တာ ၁၅ နှစ်လောက် ရှိခဲ့တယ်။ ပြောရင် ယုံမှာတောင် မဟုတ်ဘူး။ ခွေးနဲ့ ဇာတ်လမ်းလေးတစ်ခု ရိုက်ချင်တယ်။ နိုင်ငံခြားမှာ ရိုက်တာတွေလည်း ရှိတာပေါ့နော်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ပညာသင်ခဲ့တဲ့ ဆရာတွေရဲ့ပြောစကားအရဆိုရင် ခွေးနဲ့ ကလေးနဲ့ကို ဇာတ်ကားရိုက်ရတာ အခက်ဆုံးပဲတဲ့။ ခွေးလည်း ဇာတ်ကားရိုက်ရ ခက်တယ်၊ ကလေးလည်း ဇာတ်ကားရိုက်ရ ခက်တယ်။ ဟုတ်တယ်လေ။ သင်လို့မှ မရတာ။ တော်တော်ကို ရိုက်ကူးယူခဲ့ရတာ။ ခွေးက ဟေ့ကောင်…ငါမကြိုက်လို့ မင်းပြန်ရိုက်ပေးဆိုလို့ မရဘူးလေ။ ဒါပေမဲ့ ရအောင် ရိုက်ကူးခဲ့တယ်။ ကင်မရာ Effect တွေ၊ ကွန်ပျူတာ Effect တွေ ဘာတစ်ခုမှ မသုံးဘဲ ရိုက်ကူးထားတာ။ လာမယ့် ဩဂုတ်လထဲရောက်ရင် ပြသပါတော့မယ်” – ဒီအေးလွင်(ဒါရိုက်တာ၊ သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #DAyeLwin #Director #Celebrity #DirectorDAyeLwin #Dog #ခွေးလိမ္မာ #ဇာတ်လမ်းတွဲ #TVSeries #Celebrities #ဒါရိုက်တာ #Yangon #Myanmarv