Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆရာဖြစ်သူ တေးရေး မောင်ကျော်ဇော မျက်ရည်ကျရတဲ့ ဖျော်ဖြေပွဲကို ပုံဖော်လိုက်သူ ခက်ခက်မိုးဦး

ဆရာဖြစ်သူ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော မျက်ရည်ကျတဲ့အထိ ဖြစ်သွားခဲ့ရတဲ့ ဖျော်ဖြေပွဲကို ပုံဖော်ဖန်တီးလိုက်သူ မြန်မာသံ အဆိုရှင် ခက်ခက်မိုးဦး
————————-
“ဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော ကို ဦးတည်ပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ဆရာ အရမ်းဝမ်းသာသွားတယ်။ သူ့မိသားစုလည်း အရမ်းဝမ်းသာပြီးတော့ ဆရာဆို ငိုတောင် ငိုတာ။ တေးရေးဆရာတွေအတွက် တွေးတဲ့အဆိုတော်ဆိုတာ မရှိခဲ့ဘူးပေါ့။ တေးစီးရီးတွေထဲမှာ ဒီတစ်ခွေစာ မောင်ကျော်ဇောအတွက်ဆိုပြီး မောင်ကျော်ဇောသီချင်းတွေချည်းစုပြီးတော့ ထုတ်တဲ့အခွေတို့ ဘာတို့ပဲ ရှိခဲ့တယ်လေ။ အဲ့ဒီလို ဖျော်ဖြေပွဲတွေက မရှိခဲ့တော့ သူ့ဘဝမှာရော တေးရေးလောကမှာရော ပထမဦးဆုံးအတွေ့အကြုံနဲ့ ပထမဦးဆုံးပွဲဖြစ်တဲ့အတွက် သူ အရမ်းဝမ်းသာပြီးတော့ ဆရာ ငိုတယ်။ ငိုပြီးတော့ လှိုက်လှိုက်လှဲလှဲနဲ့ကို လက်ခံတယ်ပေါ့နော်။ အဲ့ဒီပွဲ လုပ်ခွင့်ကိုရော သူကိုယ်တိုင် ပါဝင်ဖို့ကိုရောပေါ့နော်။ ရိုက်ကူးရေးတွေ လုပ်တဲ့အချိန်မှာလည်း နေမကောင်းဘူး၊ လေဖြတ်ထားတဲ့ကြားကနေ ဆရာက စိတ်အားထက်သန်လာတယ်၊ ပိုပြီးတော့ သန်သန်မာမာ ဖြစ်လာတယ်။ သူ့ပုံစံက ချက်ချင်း မျက်နှာတွေဝင်းပြီးတော့ ပျော်လာတယ်” – ခက်ခက်မိုးဦး (မြန်မာသံ အဆိုရှင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #KhetKhetMoeOo #ခက်ခက်မိုးဦး #Celebrity #မြန်မာသံ #တေးသံရှင် #အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော #တေးရေး #ဖျော်ဖြေပွဲ #Singer #Song #Lyrics #Yangon #Myanmar