Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“ဆရာ ဦးသုခရဲ့ရှေ့မှာ ချိုပြုံးတို့၊ ကျော်ဟိန်းတို့ တုပ်တုပ်တောင် မလှုပ်ရဲဘူး” – ဒါရိုက်တာ ဒီအေးလွင်

“ဦးသုခရဲ့ရှေ့မှာ ချိုပြုံးတို့၊ ဒီလောက် ချေး(ဂျီး)များတဲ့၊ ပြဿနာရှာတဲ့ ကျော်ဟိန်းတို့ တုပ်တုပ်တောင် မလှုပ်ရဲဘူး၊ ဒါရိုက်တာက အဲ့လိုဩဇာကြီးတယ်” – ဒါရိုက်တာ ဒီအေးလွင်
—————
“ခုခေတ် ဒါရိုက်တာက လူတိုင်း ဒါရိုက်တာ ဖြစ်တယ်။ ဟိုလိုဒီလို လေ့လာပြီး ဟိုစကား ဒီစကားပြောတတ်ရင် နည်းနည်းလောက် ရိုက်ကွင်းသဘောတရားနားလည်ရင် ဒါရိုက်တာ ဖြစ်တာပေါ့။ ဟိုးအရင်က ဒါရိုက်တာဖြစ်ဖို့ မလွယ်ဘူး။ ဒါရိုက်တာလည်း ရှားတယ်။ ဥပမာ ဆရာဦးသုခ ဆို အရမ်းတော်တယ်။ ဘယ်လောက် တော်လဲ၊ သူ့ရဲ့ပါဝါ ဘယ်လောက်ကြီးလဲ။ ဇာတ်ပို့တစ်ယောက် ဘယ်လောက်အရေးကြီးလဲဆိုတာ ဆရာဦးသုခက သိတယ်။ ဇာတ်ပို့နေရာမှာ ဒေါ်အေးကြည် အရမ်း အရေးကြီးနေတယ်၊ ဒီ ဒေါ်အေးကြည် မလုပ်ရင် မရဘူးဆိုတာ သိတော့ ဒေါ်အေးကြည်ကို မရလို့ မရိုက်ဘူး။ ဒေါ်အေးကြည် မရလို့ မရိုက်ရဘူးဆိုတာ ဒီဘက်က စူပါမင်းသား၊ မင်းသမီးတွေကို မရိုက်နိုင်ဘူးဆိုတာ သူက ပြောလို့ရတယ်၊ ပြောရဲတယ်။ အဲ့ဒီ နှစ်ယောက်ကလည်း ဒါရိုက်တာကို မပြောရဲဘူး။ ဟုတ်ကဲ့ ဆရာ၊ ဆရာပြောတဲ့အတိုင်း ရိုက်ပါမယ်လို့ပဲ ပြောရဲတယ်။ အဲ့တုန်းက မနက် တစ်ကား၊ ညနေ တစ်ကား ခွရိုက်လို့လည်း မရဘူး။ ချိုပြုံးတို့ ဦးသုခရှေ့မှာ တုပ်တုပ်တောင် မလှုပ်ရဲဘူး။ ချိုပြုံး မဟုတ်ဘူး၊ ရှိသမျှ ဘယ်သူမှ ဒါရိုက်တာဦးသုခကို ပြန်တောင် မပြောရဲဘူး။ ဒီလောက် ချေး(ဂျီး)များတဲ့၊ ပြဿနာရှာတဲ့ ကျော်ဟိန်းတောင် ဦးသုခရဲ့ရှေ့မှာ မလှုပ်ရဲဘူး” – ဒါရိုက်တာ ဒီအေးလွင် #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #DAyeLwin #Director #Celebrity #DirectorDAyeLwin #ChoPyone #KyawHein #ကျော်ဟိန်း #ချိုပြုံး #Celebrities #ဒါရိုက်တာ #Yangon #Myanmar