“အကယ်ဒမီဆိုတာက ဘုတ်အဖွဲ့နဲ့လည်း ဆိုင်သလို အကြီးအကဲတွေနဲ့လည်း ဆိုင်တယ်၊ အဲ့ဒီလောက်ဆို သဘောပေါက်ပါ” – ဦးခင်မောင်ချင်း (သရုပ်ဆောင်)
—————
“ကိုယ်က ပုထုဇဉ်လေ။ အကယ်ဒမီ မရခဲ့တာကို ခံတော့ ခံစားရတာပေါ့။ ဒါပေမဲ့ ကိုယ်က ဘာခံယူလိုက်လဲဆိုတော့ ကိုယ့်ထက် တော်တဲ့သူတွေ ဥပမာ ဦးကျော်ဆွေတို့လို ပုဂ္ဂိုလ်တွေ၊ နောက်ပြီး အခု လက်ရှိမင်းသား မင်းသမီးတွေ ရနိုင်ခြေရှိလို့ အကုန်လုံးက ပေးတယ်။ ဘုတ်အဖွဲ့က ပေးတယ်၊ ပရိသတ်ကလည်း ပေးတယ်၊ ဒါပေမဲ့ မရခဲ့ကြဘူး။ အဲ့ဒါက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တချို့ကတော့ ကံကြမ္မာလို့ လွှဲချတာပေါ့။ ကံကြမ္မာဆိုတာကလည်း အုပ်ချုပ်တဲ့သူတွေအပေါ်မှာ မူတည်ပါတယ်” – ဦးခင်မောင်ချင်း(သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #UKhinMaungChin #ဦးခင်မောင်ချင်း #အကယ်ဒမီ #Academy #Actor #သရုပ်ဆောင် #ပုထုဇဉ် #Yangon #Myanmar