“မိုး သီချင်း သရုပ်ဆောင်ချိန်မှာ ကျွန်တော့်ဇာတိမြေဖြစ်တဲ့ အင်္ဂပူမြို့နယ် မဲဇလီကုန်းရွာလေးကို သတိရနေမိတယ်၊ ငယ်ငယ်က ဇာတိချက်မြှုပ်မှာ မိုးရွာရင် ငါးပက်ခဲ့တာ၊ ဖားရိုက်ခဲ့တာတွေကိုလည်း မြင်ယောင်နေမိတယ်” – မောင်မောင်မျိုးသန့် (သရုပ်ဆောင်)
——————
“ကျွန်တော်တင် မဟုတ်ဘူး။ ကိုယ့်လောကသားတွေ တော်တော်များများ ဒုက္ခရောက်နေကြတယ်။ အလုပ်မလုပ်ရဘဲ ဒုက္ခရောက်နေကြတဲ့အချိန် ဖြစ်နေတယ်။ မိုး သီချင်းမှာ ဟာသ သရုပ်ဆောင်ကနေ ဒရာမာကို ပြောင်းပြီး ရိုက်ရမှာဆိုတော့ စိတ်လှုပ်ရှားမိခဲ့တယ်။ မိုး သီချင်းက ကျွန်တော့်အတွက် ခံစားချက် သိပ်မလိုပါဘူး။ ရှေ့မှာလည်း မျက်ရည်ကျရမယ့်အကြောင်းလေးတွေ ပြန်စဉ်းစားလိုက်တော့ အဆင်ပြေသွားတယ်။ စီးမျောသွားတယ်ပေါ့။ ကျွန်တော်က ဒရာမာ ဝါသနာပါတယ်။ ဒါပေမဲ့ အကျိုးပေးတာက ဟာသ ဖြစ်နေခဲ့တာ။ မိုးရွာတဲ့အခါတိုင်းမှာ ကျွန်တော့်ရဲ့ဇာတိမြေဖြစ်တဲ့ အင်္ဂပူမြို့နယ် မဲဇလီကုန်းရွာက ကျွန်တော်နေခဲ့တဲ့ ကျွန်တော်ကြီးပြင်းခဲ့တဲ့ ဇာတိချက်မြှုပ်ရွာလေးကို သတိရတယ်။ မိုးရွာတိုင်းရွာတိုင်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ညဘက်တွေမှာ ထွက်ပြီး ဖားရိုက်တာတို့ ဘာတို့က သတိရတယ်။ မိုးရွာတဲ့အခါတိုင်းမှာ ကျွန်တော် ရွာကို သတိရမိပါတယ်။ မိုးရွာတဲ့အခါတိုင်းမှာ ငါးပက်ရတာလေးတွေ၊ ဖားရိုက်ခဲ့ရတာလေးတွေကို ကျွန်တော် ပြန်ပြီး မြင်ယောင်ပါတယ်” – မောင်မောင်မျိုးသန့် (သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #KoNan #ကိုနန်း #အဆိုတော် #Singer #Celebrity #Celebrities #Rain #မိုး #ယွန်းယွန်း #YoonYoon #မောင်မောင်မျိုးသန့် #MaungMaungMyoThant #Monywa #ဇာတိချက်မြှုပ် #အင်္ဂပူမြို့နယ် #မဲဇလီကုန်းရွာ #ငါးပက် #ဖားရိုက် #သူငယ်ချင်းတွေ #လွမ်းဆွတ်သတိရ #အလွမ်းသီချင်း #အနုပညာ #Yangon #Myanmar