Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖုတ်ထုတ်တဲ့အခန်းတွေရိုက်ချိန်မှာ ခွေးကြီးတစ်ကောင်က ဆွဲဆွဲငင်ငင် အူတယ် – ဒါရိုက်တာ သီဟမင်းညီ

“တာတေနဲ့ မဖဲဝါ ဇာတ်လမ်းတွဲအတွက် ဖုတ်ထုတ်တဲ့အခန်းတွေရိုက်ချိန်မှာ ခွေးကြီးတစ်ကောင်က ဆွဲဆွဲငင်ငင် အူပြီး လျှပ်တွေလက်၊ မိုးခြိမ်းသံတွေကြားရတဲ့အထိ ဖြစ်ခဲ့တယ်” – ဒါရိုက်တာ သီဟမင်းညီ
——————
“တာတေနှင့် မဖဲဝါ ဇာတ်လမ်းတွဲက ကျွန်တော် ရိုက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာ ဇာတ်အစီးဆုံးပဲဗျ။ နတ်ကြီးတယ်။ ဒီဇာတ်ကောင်က သင်္ချိုင်းကုန်းမှာ ရိုက်ရတာဗျ။ သင်္ချိုင်းကုန်းထဲမှာ ဖုတ်ထုတ်တဲ့အခန်းရိုက်တုန်းက ခွေးအူသံကြီးတွေဆို မထင်ရဘူးဗျာ၊ ဟိုဘက်ကနေ ခွေးကြီးတစ်ကောင်က ထပြီး ဆွဲဆွဲငင်ငင်ကို အူနေတာ။ တာတေနဲ့ မဖဲဝါမှာ ကြားဖူးကြမှာပေါ့၊ မဖဲဝါမှာ ခွေးကြီးတစ်ကောင်ရှိတယ်ဆိုတာလေ။ အဲ့ဒါကို သွားမြင်ပြီး သတိရမိတယ်။ အင်း…သူများ လာတာလား မသိဘူးပေါ့နော်။ ဖြစ်ချင်တော့ ကျွန်တော်တို့ ဖုတ်ထုတ်လိုက်ပြီတို့၊ ပယောဂထုတ်လိုက်ပြီတို့ ရိုက်လိုက်ပြီဆိုရင် သိသိသာသာကို လျှပ်တွေလက်၊ မိုးကြိုးတွေပါ ဝုန်းဝုန်းဝုန်းတွေ ဖြစ်တာ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီလောက်အထိကို ထူးခြားခဲ့တယ်” – ဒါရိုက်တာ သီဟမင်းညီ
#MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #သီဟမင်းညီ #ဒါရိုက်တာ #ThihaMinnNyi #Director #SabelMoe #စံပယ်မိုး #တာတေ #LinnAung #လင်းအောင် #Celebrity #Celebrities #မဖဲဝါ #ဇာတ်လမ်းတွဲ #Yangon #Myanmar