စပယ်မိုးနဲ့ရိုက်တဲ့ မဖဲဝါနဲ့ တာတေဇာတ်လမ်းတွဲမှာ ခေါင်းဆောင်နေရာရဖို့ အရမ်းကြိုက်တဲ့ အရက်ကို တစ်နှစ်ဖြတ်ပြီး အဓိဌာန်ဝင်လိုက်ချိန်မှာ ထူးဆန်းတဲ့အိပ်မက်ကို ပိုင်ဆိုင်ခဲ့သူ လင်းအောင်
—————–
“ပရိသတ်လည်း စပယ်မိုးကို မြင်တိုင်းက သရဲပုံနဲ့ချည်း မြင်နေရတော့ တစ်ခါတလေတော့လည်း သနားလို့ ထင်တယ်။ လူပုံလေး ထည့်ပေးထားတယ်” – စပယ်မိုး (သရုပ်ဆောင်) “မဖဲဝါနဲ့ တာတေ ဇာတ်လမ်းတွဲကို ခေါင်းဆောင်နေရာကနေ ရိုက်ဖို့အတွက် အဓိဌာန်ထားတာလေးတစ်ခု ရှိတယ်။ အဲ့ဒါက ကျွန်တော် အရမ်းကြိုက်တဲ့အရက်ကို ကျွန်တော်က တစ်နှစ်တိတိ အဓိဌာန်ဝင်ပြီးတော့ လုပ်ခဲ့တယ်ပေါ့။ အဲ့ဒီမှာမှ ကျွန်တော့်ရဲ့အဓိဌာန်က ခြောက်လပိုင်းလောက်မှာ အောင်ခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော့်ကို အိပ်မက်တစ်ခု လာပေးတယ်။ ဖိုးသူတော်ဝတ်စုံကြီးနဲ့ အဖိုးကြီးတစ်ယောက်က။ ကျွန်တော် အဲ့ဒီအိပ်မက်,မက်ပြီး တစ်ပတ်လောက်ပဲ ကြာတယ်။ အခု အခွင့်အရေးကို ရခဲ့တယ်” – လင်းအောင် (သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #SabelMoe #စံပယ်မိုး #တာတေ #LinnAung #လင်းအောင် #Celebrity #Celebrities #အဓိဌာန် #အိပ်မက် #Yangon #Myanmar