Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အစ်မတော် မြနန်းနွယ် ဇာတ်ကားအတွက် ထူးခြားတဲ့နိမိတ်တွေ ကြုံရတယ် – ဒါရိုက်တာ ကျော်ဟိန်းကျော်

“အစ်မတော် မြနန်းနွယ် ဇာတ်ကားရိုက်ဖို့အတွက် နေရာဒေသတွေဆီ သွားရောက်တိုင်းမှာ ထူးခြားတဲ့နိမိတ်တွေ ကြုံရတယ်၊ ဒီဇာတ်လမ်းတွဲကနေ ရတဲ့ဝင်ငွေအားလုံးကို အစ်မတော် မြနန်းနွယ်အတွက် တစ်သက်တာ လှူမယ်” – ဒါရိုက်တာ ကျော်ဟိန်းကျော်
—————–
ဒါရိုက်တာ ကျော်ဟိန်းကျော် ဟာ အစ်မတော် မြနန်းနွယ် ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးတင်ဆက်ဖို့အတွက် ကြိုးပမ်းစီစဉ်နေသူဖြစ်ပါတယ်။ လက်ရှိမှာ ဒီဇာတ်လမ်းတွဲအတွက် အရမ်းကို အရေးပါတဲ့ သင်္ဘောကြီးကို တည်ဆောက်နေပြီး ဇာတ်လမ်းတွဲ စမရိုက်ခင်မှာတင် ဆက်တင်အတွက် ကုန်ကျစရိတ်က သိန်း ၁၂၀၀ ကျော် ကုန်သွားခဲ့ပြီဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကွင်းတည်ဖို့အတွက် နယ်ဒေသတွေဆီကို သွားရောက်တဲ့အချိန်တိုင်းမှာ ထူးခြားတဲ့နိမိတ်လက္ခဏာတွေကို သူ အမြဲပဲ ကြုံရလေ့ရှိတယ်လို့ ဒါရိုက်တာ ကျော်ဟိန်းကျော် ပြောပြပါတယ်။ သက်သတ်လွတ်စားတဲ့ ရွာတွေဆီကိုရောက်ရင် သူ့အတွက် သက်သတ်လွတ်ဟင်းတွေကို ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက် လာပို့သွားတယ်လို့ ကြုံရတာတွေ၊ ဖက်စိမ်းနဲ့ထုပ်ထားတဲ့ ခဲလိုလို မြွေလိုလို အတုံးလေးတွေကို ဒီဇာတ်ကားရိုက်ရင် ဌာပနာအဖြစ် ထည့်ပေးပါလို့ လာလှူတာတွေကို ကြုံရတာတွေ၊ ထူးဆန်းတဲ့ နဂါးဥ လာလှူတာတွေကို ကြုံရတာတွေ၊ အလုပ်လုပ်မယ်လို့ စီစည်နေတဲ့အချိန်မှာ နံ့သာဖြူနံ့ပေးတာတွေ၊ နံ့သာဖြူနံ့ပေးပြီးတာနဲ့ အင်မတန်မှ သေးငယ်တဲ့ မိန်းကလေးအသံတွေနဲ့ သဘောကျပြီး ရယ်မောတာတွေ၊ ခြူသံတွေနဲ့ လှည်းတွေသွားနေတာကို ကြားရတာတွေ ရှိခဲ့တယ်လို့ ဒါရိုက်တာ ကျော်ဟိန်းကျော်က ပြောပြပါတယ်။ အစ်မတော် မြနန်းနွယ် ဇာတ်လမ်းတွဲကနေ ရရှိလာတဲ့ ဝင်ငွေအားလုံးကို ဗိုလ်တစ်ထောင်ဘုရားမှာရှိတဲ့ အစ်မတော် မြနန်းနွယ်အတွက် တစ်သက်တာ လှူဒါန်းဖို့လည်း ဒါရိုက်တာ ကျော်ဟိန်းကျော်က ဆုံးဖြတ်ထားပါတယ်။ အစ်မတော် မြနန်းနွယ် ဇာတ်လမ်းအတွက် ဆက်တင်ပြင်ဆင်နေချိန်မှာတင် ဒါရိုက်တာ ကျော်ဟိန်းကျော် ကြုံဆုံနေရတဲ့နမိတ်တွေက ထူးခြားဆန်းပြားလှတဲ့အတွက် Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryLifeProgram #CelebrityInterview #KyawHeinKyaw #Director #DirectorKyawHeinKyaw #ကျော်ဟိန်းကျော် #ဒါရိုက်တာ #အစ်မတော်မြနန်းနွယ် #မြနန်းနွယ် #ဇာတ်လမ်းတွဲ #TVSeries #အတိတ်နမိတ် #Celebrity #Celebrities #ဆက်တင်ပြင်ဆင် #သင်္ဘော #Ship #ထူးခြားဆန်းပြား #နံ့သာဖြူ #Yangon #Myanmar