“ကျော်ဟိန်းက ရွေးလိုက်တဲ့လူဆိုတဲ့ ရိုက်ချင်တဲ့လူတွေက အရမ်းပေါခဲ့တာ၊ ဦးကျော်က စည်းကမ်းကြီးတယ်၊ သူရွေးထားတဲ့အချိန်မှာ ဘာမှ မရိုက်ရဘူးလို့ စည်းကမ်းထုတ်ထားခဲ့တာ” – တင်ဇာဝင်းပြည့်(သရုပ်ဆောင်)
——————
“ဆယ်တန်းဖြေပြီးတော့ ဘာမှ လုပ်စရာမရှိတော့တဲ့အချိန်မှာ ဦးကျော်ဟိန်းဆီက ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်ဆိုတဲ့ဇာတ်ကားအတွက် သရုပ်ဆောင်ခေါ်တာ။ အစ်ကိုတွေက လျှောက်မယ်ဆို ဓာတ်ပုံလေး ပေးလိုက်ဆိုတော့ ဓာတ်ပုံလေး ပေးလိုက်တဲ့အခါ ဦးကျော်က ဓာတ်ပုံလေးကြည့်ပြီး လူကိုယ်တိုင် လာတွေ့ပါပေါ့။ အဆင့်ဆင့်ရွေးတဲ့အထဲမှာ ပါတယ်ပေါ့။ ဦးကျော်က ရွေးတယ်ဆိုပေမယ့် ဦးကျော်နဲ့က မရိုက်ရဘူး။ သူ့နောက်ကို လိုက်ပေးရတာ၊ သူ့ရိုက်ကွင်းတွေကို လိုက်ပေးရတာ။ အဲ့ဒီအချိန်မှာ ကျော်ဟိန်း ရွေးလိုက်တဲ့လူဆိုတော့ ရိုက်ချင်တဲ့လူတွေက ပေါတာပေါ့။ ကိုယ်ကလည်း နယ်ကလာတာဆိုတော့ သွားရေးလာရေးကအစ အဆင်မပြေတော့ဘူးလေ။ ဦးကျော်က သူရွေးထားတဲ့အချိန်မှာ ပြက္ခဒိန်လည်း မရိုက်ရဘူး၊ မျက်နှာဖုံးလည်း မရိုက်ရဘူး၊ ပို့စ်ကတ်ဒ်လည်း မရိုက်ရဘူး၊ ဗီဒီယိုလည်း မရိုက်ရဘူး၊ ရုပ်ရှင်လည်း မရိုက်ရဘူးလို့ စည်းကမ်းချက်တွေ သတ်မှတ်ထားခဲ့တာ။ ကိုယ်က အမေ့အတွက်ကို ခြံလေး ဝယ်ပေးချင်တော့ အဲ့ခေတ်က စရံ တစ်သောင်းခွဲပေါ့။ တစ်ကား ငါးထောင်ပဲရတာ။ အဲ့တော့ မေမေ့ကို ရွှေပေါက်ကံမှာ ခြံလေးတစ်ခြံ ၇,၅၀၀ နဲ့ ဝယ်ပေးလိုက်တာ” – တင်ဇာဝင်းပြည့်(သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #CelebrityExclusiveInterview #TinZarWinPyae #တင်ဇာဝင်းပြည့် #KyawHein #ကျော်ဟိန်း #Actress #Celebrities #Celebrity #Actor #Acting #FirstStep #Calendar #Postcard #ပြက္ခဒိန် #ပို့စ်ကတ်ဒ် #ရုပ်ရှင် #ဗီဒီယို #သွားရေးလာရေး #LifeStory #Yangon #Myanmar