“ကျွန်တော် သင်ပေးတဲ့ ချာတိတ် ၆ ယောက်ကို MRTV–4 က ရွေးသွားတယ်၊ အဲ့ဒီလို ရွေးသွားပြီးချိန်မှာပဲ အဲ့ကောင်တွေ ကျွန်တော့်ကို ပိုးစိုးပက်စက်တွေပြောပြီး ခြေစုံကန်တော့တာ” – အကယ်ဒမီ ဖိုးကျော်
——————–
“ကျွန်တော့်ဆီက ချာတိတ် ၆ ယောက်လောက်ကို MRTV-4 က မင်းသားအဖြစ် ရွေးသွားတယ်။ အဲ့ဒီ ရွေးရွေးချင်းမှာပဲ အဲ့ကောင်တွေ ကျွန်တော့်ကို ကန်တော့တာ။ ဝိုင်း ကန်တော့တာ။ ကျွန်တော်က ဘာဖြစ်မှာလဲ။ အစောကြီးကတည်းက ပေးဖို့ ခေါ်ထားတာလေ။ ကျွန်တော် ဖြစ်ခွင့်မရတာတွေ သူတို့ ဖြစ်ရအောင်ဆိုပြီး ခေါ်ထားတာလေ။ သူတို့ကို ထမင်းလည်း ကျွေးတယ်၊ အိပ်ဖို့လည်း ပေးတယ်၊ နေဖို့လည်း ပေးတယ်၊ အဝတ်အစားလည်း ပေးတယ်၊ သင်တန်းမှာလည်း သူတို့ကို သင်ပေးတယ်။ ဒါပေမဲ့ MRTV-4 မှာ တစ်နှစ်ပဲ ခံတယ်။ နောက်နှစ်ကစပြီး ဒီကောင်တွေ ဘာမှ မလုပ်ရတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ အဲ့ဒီကာလာ ဖြစ်သွားလို့။ သူတို့နဲ့ မတူတဲ့ကာလာကို ကျွန်တော် တည်ဆောက်ပေးထားတာ။ သူတို့ မသိကြဘူး။ ဒါပေမဲ့ ကန်တဲ့အချိန်ကျတော့ ကျွန်တော့်ကို ပိုးစိုးပက်စက်တွေ ပြောကန်တယ်” – အကယ်ဒမီ ဖိုးကျော်(သရုပ်ဆောင်) #MercuryVariety #MV #MercuryExclusiveInterview #CelebrityExclusiveInterview #PhoeKyaw #ဖိုးကျော် #အကယ်ဒမီ #Academy #Celebrities #Celebrity #သရုပ်ဆောင် #Actor #တပည့်ချာတိတ် #ပိုးစိုးပက်စက် #MRTV4 #မတူညီမှု #အစားအသောက် #အဝတ်အထည် #နေရာထိုင်ခင်း #သင်တန်း #Yangon #Myanmar