Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အင်တာနက်လိုင်းပြတ်တောက်နေတဲ့ ပလက်ဝမှာ ဖုန်းလိုင်းပါထပ်ပြတ်

စစ်တွေ၊ နိုဝင်ဘာ ၃၀

ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းတွေအပြင် ဆက်သွယ်ရေး ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားခဲ့ပြီလို့ သိရှိရပါတယ်။

ပလက်ဝမြို့နယ်မှာ MPT ဆက်သွယ်ရေးလိုင်း တစ်ခုပဲ အသုံးပြုလို့ ရရှိနေပြီး အဲ့ဒီလိုင်းဟာ အခုတော့ ပြတ်တောက်သွားပြီလို့ သတင်းကြားသိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းကစလို့ ပလက်ဝမြို့နယ်မှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေ လုံးဝဆက်သွယ်မရအောင် ပြတ်တောက်သွားခဲ့တာလို့ သိရှိရပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မောင်တောမြို့ မြောက်ပိုင်း၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ တခြားမြို့နယ်က ကျေးရွာတွေမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်လို့ နေပါတယ်။

ဆက်သွယ်ရေး ပြတ်တောက်တာကြောင့် ပလက်ဝမြို့နေ ပြည်သူတွေဟာ တခြားနေရာနဲ့ အဆက်အသွယ်မရတော့ဘဲ အခက်အခဲတွေ ကြုံဆုံနေရပြီလို့ သိရှိရပါတယ်။