နိုဝင်ဘာ ၃၀
ရက်ပေါင်း ၅၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ ထိုင်းဓားစာခံ ၁၇ ဦးဟာ
ဟားမတ်စ်အဖွဲ့ဆီကနေ ပြန်လည်လွတ်မြောက်လာပြီး ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မိသားစုနဲ့အတူပြန်လည်ဆုံစည်းခဲ့ပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဟားမတ်စ် လက်က လွတ်မြောက်လာခဲ့တဲ့ ထိုင်းနိုင်ငံသား ခြောက်ဦးဟာ အစ္စရေးမှာ ဆေးစစ်မှု ခံယူနေရဆဲ ဖြစ်ပါတယ်။ ကျန်ကိုးဦးကတော့ ဟားမတ်စ်ရဲ့ ထိန်းသိမ်းမှု အောက်မှာ ကျန်ရှိနေတုန်းလို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နိုင်ငံခြားအလုပ်သမားများ အားလုံးနီးပါးဟာ ထိုင်းလူမျိုးများဖြစ်ပြီး အစ္စရေးဟာ ထိုင်းလူမျိုး 30,000 ခန့်ကို လယ်ယာလုပ်သားအဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။
ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ခြောက်ရက်ကြာ တိုက်ပွဲများ ရပ်နားထားတဲ့ကာလမှာ ပြီးခဲ့တဲ့လက ဖမ်းဆီးထားတဲ့ဓားစာခံ ၂၄၀ အနက် ၁၀၂ ဦးကို
ပါလက်စတိုင်း အကျဉ်းသား ၂၁၀ နဲ့လဲလှယ်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ လူ ၁၂၀၀ မှာ ထိုင်းနိုင်ငံသား ၃၉ ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။
See translation