Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘုရင့်နောင်ပွဲရုံနားက လမ်းဘေးပလက်ဖောင်းမှာ အမျိုးသားတစ်ယောက် ‌ေ-သဆုံးနေ

—————————–

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံနားက လမ်းဘေး ပလက်ဖောင်းပေါ်မှာ ‌ေ-သဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ မြတ်ကုသိုလ် (နာ/ကူ) အသင်းရဲ့ ပြောဆိုမှုအရ သိရပါတယ်။

အဲ့ဒီ အမျိုးသားဟာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာပင်လမ်းမကြီး၊ ပိတောက်လမ်းနဲ့ စိန်ပန်းလမ်းကြား လမ်းဘေးပလက်ဖောင်းမှာ အိပ်နေရင်းကနေ ‌ေ-သဆုံးသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ကိုယ်ပေါ်မှာ ပြင်ပဒဏ်ရာလည်း မရှိဘူးလို့ ဆိုပါတယ်။

ပိုင်ရှင်မရှိတဲ့ အဲ့ဒီအမျိုးသားအလောင်းကို မြတ်ကုသိုလ် (နာ/ကူ) အသင်းကနေ မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။