———————————————————————————————–
၂၀၂၈ခုနှစ်၊ဧပြီလ၊(၂၉)ရက်
ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပျက်စီးမှုစာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ/ ဗွီဒီယိုမှတ်တမ်းတွေရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေးပန်းချီတွေ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အရေးပေါ် ထိန်းသိမ်းဖို့လိုအပ်ပါက ထိန်းသိမ်းခြင်းတွေဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။
အင်အားရစ်ချ်စတာစကေး(၇.၇)အဆင့်ရှိတဲ့ အင်အားပြင်းငလျင်ကြောင့်မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနဲ့ စစ်ကိုင်း/မင်းကွန်ဒေသတွေရှိ ရှေးဟောင်း အဆောက်အအုံများစွာထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှလုပ်ငန်းတွေကိုအဆင့်အလိုက် စနစ်တကျဆောင်ရွက်လျက် ရှိပါတယ်။
ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ လုပ်ငန်းစဉ်တွေချမှတ်ပြီး လတ်တလော ပျက်စီးမှုစာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ/ဗွီဒီယိုမှတ်တမ်းတွေရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေးပန်းချီတွေ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အရေးပေါ်ထိန်းသိမ်းရန်လိုအပ်ပါက ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ခန့်မှန်းခြေစာရင်းနဲ့အစီရင်ခံစာရေးသားခြင်း၊ Conserve / Restore/ Rebuild ဆောင်ရွက်ခြင်းစတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ နယ်မြေတွေအလိုက်အဖွဲ့တွေဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းနဲ့
မတ်လ(၃၀)ရက်နေ့မှာလည်း ညွှန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့အဖွဲ့က မန္တလေးနန်းမြိုးရိုးနဲ့မြို့ရိုးအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#myanmar#ရှေးဟောင်း#ပြည်တွင်းသတင်း