Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် နေအိမ် မီးလောင်မှုဖြစ်ပွား

၂၀၂၅၊ဧပြီလ၊၂၅ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၇)၊ လမ်းသွယ်(၅)မှာ ရှိတဲ့ နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က နေအိမ်ရဲ့ လျှပ်စစ်မိန်းခုံ အပူလွန်ကဲပြီး အနီးရှိ အခန်းစီးလိုက်ကာသို့ မီးကူးစက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ သင်္ကြန်ရက်ကလည်း ရမ်ပူရပ်ကွက်က နေအိမ်သုံးလုံး မီးလောင်ကျွမ်းပြီး ပျက်စီးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

#mercury#mercurynews#မြန်မာ #မြစ်ကြီးနား#ပြည်တွင်းသတင်း