အိန္ဒိယနိုင်ငံပိုင် ကက်ရှမီးယားမှာ လူ ၂၆ဦးသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ပါကစ္စတန်နှင့် ရေမျှဝေပေးရေး သဘောတူညီချက်ကို အိန္ဒိယအစိုးရက ရပ်ဆိုင်းလိုက်သလို နယ်စပ်ဖြတ်ကျော်သွားလာခွင့်လည်း ချက်ချင်းပိတ်လိုက်ကြောင်း Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။
အိန္ဒိယအစိုးရဘက်က ပါကစ္စတန်နိုင်ငံသားအချို့အတွက် ဗီဇာများကိုပယ်ဖျက်သွားမှာဖြစ်သလို သံရုံးဝန်ထမ်းအချို့ကို နိုင်ငံတွင်းမှ ထွက်ခွာဖို့ ညွန်ကြားထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ဆော်ဒီအာရေဗျခရီးစဉ်ကနေ ချက်ခြင်းပြန်လာခဲ့ပြီး လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီ (CCS) အစည်းအဝေးကို ချက်ခြင်းခေါ်ယူကာ အရေးယူမှုများကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#india#ပါကစ္စတန်