ဖြန့်ဝေသူကို ဖမ်းဆီး
၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၄)ရက်
ဧပြီလ ၂၁ ရက်မှာ ငလျင်ကြီးမားစွာလှုပ်မည်ဟု Tiktok အကောင့်မှသတင်းမှားဖြန့်ဝေသူကို John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲကို နစကမှဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အကောင့်ပိုင်ရှင်လူငယ်ဟာ မန္တလေးမြို့ရှိ လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းမှာ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံခဲ့ရဖူးသူဖြစ်ပြီး၂၀၂၃ ခုနှစ်၊ ဇွန်လမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဂျွန်မိုးသဲအနေဖြင့် ထောင်မှလွတ်မြောက်ပြီးနောက် ဗေဒင်လက္ခဏာပညာအား အသုံးချ၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Johnmoe5.t အမည်ဖြင့် မြေငလျင်နဲ့ပတ်သက်တဲ့ Post တွေကိုလည်းကောင်း၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်ပြီး မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းအား ဥပဒေအရထိထိရောက်ရောက် အရေးယူသွားဖို့ရှိတယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#အရေးယူ#ပြည်တွင်းသတင်း