Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မီးလောင်သွားသည့်အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲဇွန်(၁၆)ရက်မှ(၂၁)ရက်အတွင်းကျင်းပမည်

——————————————————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၂)ရက်

ငလျင်ကြောင့် စစ်ကိုင်း၊မန္တလေး၊နေပြည်တော်မှာစစ်ဆေးခဲ့တဲ့ တက္ကသိုလ်အဖြေလွှာတွေဟာ မန္တလေးတက္ကသိုလ်မှာ စာစစ်နေစဉ်မီးလောင်တဲ့ထဲပါသွားတဲ့အတွက် ဇွန်လမှာ တက္ကသိုလ်စာမေးပွဲတွေ ပြန်လည်ကျင်းပသွားမှာဖြစ် တယ်လို့သိရပါတယ်။

ဇွန်လ(၁၆)ရက်ကနေ(၂၁)ရက်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲပြန်ကျင်းပမှာဖြစ်ပြီး စစ်ကိုင်းရှိ စာစစ်ဌာန(၂)ခု ၊မန္တလေးတိုင်းရှိစာစစ်ဌာန(၁၉)ခု၊နေပြည်တော်ရှိစာစစ်ဌာန(၁၀)ခုတို့မှတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ သူတွေပြန်လည်ဖြေဆိုကြရမှာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမယ့်သူတွေအနေနဲ့ ဇွန်လ(၁)ရက်ကနေ(၁၅)ရက်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်တွေကို ထုတ်ယူနိုင်မှာဖြစ်ပြီး ဖြေဆိုရမယ့်စာစစ်ဌာနတွေနဲ့ ပြောင်းလဲဖြေဆိုရမယ့် စာစစ်ဌာနတွေကို နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားတယ်လို့ သိရပါတယ်။

#MERCURY#mercurynews#မြန်မာ#တက္ကသိုလ်ဝင်စာမေးပွဲ#ပြည်တွင်းသတင်း