မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ နောက် ၂ ရက်အတွင်း တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးရွာနိုင်ခြေရှိနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယနေ့မှာတော့ နေပြည်တော်၊ရန်ကုန်မြို့နဲ့ မန္တလေးမြို့အနီးတစ်ဝိုက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး မိုးထစ်ချုန်းကာ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ရွာရန် ရာခိုင်နှုန်း ၆၀ရှိတယ်လို့ လည်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#မိုးလေဝသ#ပြည်တွင်းသတင်း