Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၃၇၂၆ဦး၊ထိခိုက်ဒဏ်ရာရသူ၊၅၁၀၅ဦး ရှိခဲ့

၂၀၂၅၊ဧပြီလ၊၁၉ရက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ ထုတ်ပြန်ချက်အရ မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်နဲ့နောက်ဆက်တွဲငလျင်တွေကြောင့် သေဆုံးသူ ဦးရေ ၃၇၂၆ဦး၊ထိခိုက်ဒဏ်ရာရသူ၊၅၁၀၅ဦးနဲ့ ပျောက်ဆုံးသူဦးရေ ၁၂၉ဦးရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ပြည်ပကယ်ဆယ်ရေးအဖွဲ့တွေစုပေါင်းပြီး ယနေ့အထိ အသက်ရှင်သူ ၆၅၃ဦးနဲ့ သေဆုံးသူ ၇၅၄ဦးရှာဖွေနိုင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ထိခိုက်ပျက်စီးမှုတွေအနေနဲ့ နေအိမ်အဆောက်အဦး ၆၅၀၉၆လုံး၊စာသင်ကျောင်း ၂၅၁၄ကျောင်းအပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အဦးတွေလည်း ပျက်စီးခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ပါတယ်။

#mercury#mercurynews#ငလျင်#ပြည်တွင်းသတင်း