Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဇလွန်-ဓနုဖြူ လမ်းမကြီး၌ခရီးသည်တင်ကား၊တွဲကားနဲ့အိမ်စီးကားတိုက်မှုဖြစ်ပွား၊လူနာ(၁၂)ဦးဆေးရုံရောက်

——————————————————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၁၉)ရက်

ဇလွန်-ဓနုဖြူ လမ်းမကြီးမှာ ခရီးသည်တင်ယာဉ်၊တွဲကားနဲ့အိမ်စီးကားတွေတိုက်မှုဖြစ်ပွားခဲ့ပြီးလူနာ(၁၂)ဦး ဆေးရုံရောက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ(၁၈)ရက်ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၇)ဦး၊ စုစုပေါင်း(၁၂)ဦးအနက် Yutong ချယ်ရီခရီးသည်မှန်လုံယာဉ်ပေါ်ပါ လူနာ(၅)ဦး၊ Honine အဖြူရောင်တွဲယာဉ်ပေါ်ပါ လူနာ(၃)ဦး၊ Toyota Ractis အိမ်စီးယာဉ်ပေါ်ပါလူနာ(၄)ဦး စုစုပေါင်းလူနာ(၁၂)ဦးကို ဇလွန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

ယာဉ်တိုက်မှုကို ဇလွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျုံရှနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ‌ဆောင်ရွက်ပေးခဲ့ပြီး ဖြူစင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ သက်စမ်းရေလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ဂရုဏာလုလင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့်ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ယာဉ်တိုက်မှု