Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာတွင်နေထိုင်ရင်းငလျင်ဒဏ်သင့်ခဲ့သည့်တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် ‘အထူးလမ်းကြောင်း’ သံရုံးကဖွင့်ပေးမည်

———————————————————-

၂၀၂၅ခုနှစ်၊ဧပြီလ၊(၁၈)ရက်

မြန်မာနိုင်ငံမှာ နေထိုင်ရင်းငလျင်ဒဏ်သင့်ခဲ့တဲ့တရုတ်နိုင်ငံသားတွေနေရပ်ပြန်ဖို့ ‘အထူးလမ်းကြောင်း ‘သံရုံးကဖွင့်ပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရပါတယ်။

“မတ်လ၂၈ ရက်နေ့ငလျင်” သက်ရောက်မှုကြောင့် မန္တလေးမြို့၊တရုတ်ကောင်စစ်ဝန်ချုပ် ရုံးဟာ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်တွေအတွက် လျှောက်လွှာတွေကို လတ်တလောမှာ လက်ခံနိုင်ခြင်းမရှိသေးသောကြောင့် မန္တလေးမြို့ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများ ပြန်လည်လက်ခံနိုင်ချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာတွေကို ကိုယ်စားလက်ခံပေးမယ်လို့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။

ငလျင်ဒဏ်သင့်ခဲ့ရသော တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် ခရီးသွားလက်မှတ်များ လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာတရုတ်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်/ ခရီးသွားလက်မှတ် လျှောက်လွှာများအတွက် “အထူးလမ်းကြောင်း” ကို သံရုံးက ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။

လျှောက်ထားလိုသူတွေဟာ သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ လိုအပ်တဲ့စာရွက် စာတမ်းတွေကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းဖြင့် (ဆက်သွယ်ရန်အချက် အလက်ကိုပူးတွဲတင်ပြရန်)သံရုံးသို့ ကြိုတင်ဆက်သွယ်ပြီး အချက်အလက်တွေ အဆင်သင့်ပြင်ဆင်ပြီးသံရုံးသို့လာရောက်ဆောင်ရွက်ဖို့ မေတ္တာရပ်ခံထား ကောင်စစ်ရေးရာ ဝန်ဆောင်မှုမေးမြန်းရန် ဖုန်းနံပါတ်- 0095-9894853188(ဖုန်းကိုင်ချိန်-ပုံမှန်ရုံးဖွင့်ရက်ညနေ ၂:၀၀-၆:၀၀)၊ကောင်စစ်ကာကွယ်ရေးဆိုင်ရာ ဖုန်းနံပါတ်:0095-9-43209657သို့ ဆက် သွယ်နိုင်တယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#ငလျင်#သံရုံး#တရုတ်

No photo description available.