ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ United Nation OCHA Myanmarက ထုတ်ပြန်ပါတယ်။
မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ရေပေးရေးစနစ်တွေပျက်စီးကုန်ပြီးငလျင်ကြောင့် အိမ်သာအလုံးရေ ၄၂,၀၀၀ ကျော် ပြိုကျခဲ့တဲ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ဖို့လည်းအခက်အခဲရှိနေကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ငလျင်ဘေးဒဏ်ခံရတဲ့ ထိခိုက်လွယ်သူတစ်သန်းကို အခြေအနေတွေပိုဆိုးမလာခင် ဘေးကင်းတဲ့ရေ၊ အရေးပေါ်အိမ်သာနဲ့ တကိုယ်ရေသန့်ရှင်းရေးအကူအညီတွေပေးသွားဖို့ လူသားချင်းစာနာတဲ့မိတ်ဖက်အဖွဲ့အစည်းတွေက ရည်မှန်းထားကြတယ်လို့ United Nation OCHA Myanmarကထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#OCHA#မြန်မာ#အကူအညီလို