၂၀၂၅ခုနှစ်၊ဧပြီလ၊(၁၈)ရက်
မန္တလေးနဲ့စစ်ကိုင်းရှိငလျင်ကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးခဲ့သူ(၂၀၆)ဦးကိုဆီစက်ပိုင်ရှင်တွေကထောက်ပံ့ငွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။
ငလျင်ဒါဏ်ကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးလူနာ(၄)ဦး ၊ခွဲစိတ်ကျိုးလူနာ(၉၁)ဦး
နဲ့မန္တလေးအရိုး၊အကြောကုတင်(၅၀၀)ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အာရုံကြောနှင့်ခါးရိုး၊လည်ပင်းရိုးကျိုးလူနာ(၁၃)ဦး ၊ခြေ-ပြတ်၊လက်-ပြတ်လူနာ(၆)ဦး ခွဲစိတ်စတီးချောင်းထည့်လူနာ(၉၂)ဦး စုစုပေါင်း (၂၀၆) ဦးကို ထောက်ပံ့ငွေအသီးသီးပေးအပ်လှူဒါန်းခဲ့ကြတယ်လို့ဆိုပါတယ်။
မြန်မာနိင်ငံဆီစက်ပိုင်ရှင်များအသင်းမှအသင်းသားများစုပေါင်းထောက်ပံ့လှူဒါန်းငွေဖြင့် အသင်းဒုဥက္ကဌ ဦးဆန်းထွန်းလွင်နဲ့အမှုဆောင်ကော်မတီတွေက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Photo Credit -ဆီစက်ပိုင်ရှင်အသင်း
#mercury#mercurynews#myanmar#ငလျင်#ပြည်တွင်းသတင်း