Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးမြို့အနီးကို ဗဟိုပြုကာ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားတာကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်

၂၀၂၅၊ဧပြီလ၊၁၀ရက်

မနေ့ညက မန္တလေးမြို့အနီးကို ဗဟိုပြုပြီး နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဦးစီးဌာနက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ငလျင်ငယ်နှစ်ကြိမ်ကြောင့် ပြည်သူအများစု အထိတ်တလန့်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့ည ၉ နာရီ ၁၀ မိနစ်အချိန်နဲ့ ည ၁၀ နာရီ ၂၉ မိနစ်အချိန်တို့မှာ မန္တလေးဒေသခံတွေက ငလျင်လှုပ်ခတ်တာကို သိသိသာသာခံစားခဲ့ကြရပြီး ကယ်ဆယ်ရေးအဖွဲ့တွေကလည်း သတိထားခဲ့ကြရတယ်လို့ ပြောပါတယ်။

“ည(၁၀)နာရီကျော်မှာ မန္တလေးမှာငလျင်ထပ်လှုပ်တယ်။ကြမ်းတယ်”လို့ မန္တလေးကို ရောက်နေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မနေ့ည ၉ နာရီ ၁၀ မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ အင်အားရစ်တာစကေး (၃.၁)ရှိခဲ့ပြီး ည ၁၀ နာရီ ၂၉ မိနစ်အချိန်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ အင်အားရစ်တာစကေး(၃.၆)ရှိခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဦးစီးဌာနက ထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားကြီးငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ခတ်မှု ဟာ ဧပြီလ၉ရက်နေ့အထိ စုစုပေါင်း ငလျင်စုစုပေါင်း(၁၁၂)ကြိမ်လှုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။

မှုရင်းဓါတ်ပုံပိုင်ရှင်များကို creditပေးပါသည်။

#mercury#mercurynews#ငလျင်#မြန်မာ#မန္တလေး#ပြည်တွင်းသတင်း