Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်သားမြို့ရဲ့ အရှေ့တောင်ဘက်မှာ ငလျင်ထပ်လှုပ်

၂၀၂၅၊ဧပြီလ၊၉ရက်

မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့ရဲ့ အရှေ့တောင်ဘက် (၁၃) မိုင်ခန့်အကွာမှာ ယနေ့မနက် ၄နာရီ၅၁မိနစ်ခန့်က အင်အား၃.၆ ရစ်(ခ်)တာစကေးနဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လှုပ်ခတ်သွားခဲ့တဲ့ငလျင်ဟာ မြေအောက်အနက် အနက် – ၁၀ ကီလိုမီတာ မှာ ဗဟိုပြုခဲ့တာဖြစ်ပြီး အထိအခိုက်အပျက်အစီးတော့မရှိဘူးလို့ သိရပါတယ်။

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်သွားတဲ့ အင်အားကြီး မန္တလေးငလျင်လှုပ်ခတ်သွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲငလျင်အကြိမ် အ‌ရေအတွက် ၁၀၀ကျော်ရှိလာပြီလို့လဲ ထုတ်ပြန်ချက်အရသိပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကိုCreditပေးပါသည်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#မိုးဇလ#ငလျင်