ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်က ဗလင်စီယာကိုရှုံးနိမ့်ခဲ့တာကို ဒေါသထွက်မိပြီး လာမယ့် အင်္ဂါနေ့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အစစ်ကို မြင်တွေ့ရမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
ဘယ်လင်ဟမ်က “ပြီးခဲ့တဲ့ ရှုံးပွဲက ကျွန်တော့်ကို စိတ်ထိခိုက်ဒေါသထွက်စေပါတယ်။အသင်းသားအားလုံးလဲ ကျွန်တော့်လို ထပ်တူခံစားနေရပါတယ်။အခုလက်ရှိမှာ တော့ အင်္ဂါနေ့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အာရုံစိုက်နေပါတယ်။အဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်အစစ်အမှန်ကို မြင်ရပါလိမ့်မယ်။”လို့ ပြောခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်မှာ ၁၅ကြိမ်အထိ ဗိုလ်စွဲထားပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။
#mercury#mercurynews#ချန်ပီယံလိဂ်#realmadrid#bellingham