Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြားစတင်ထုတ်ယူနိုင်

—————————————————————

၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၅)ရက်

တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြားကို အခုဖေဖော်ဝါရီလ(၂၇)ရက်မှစတင်ပြီးထုတ်ယူနိုင်ပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

အခြေခံပညာကျောင်းတွေ၊ကိုယ်ပိုင်ပညာကျောင်းတွေမှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းအုပ်ကြီးထံမှ ထုတ်ယူရမှာဖြစ်ပြီး ပြင်ပဖြေဆိုသူတွေအနေနဲ့ မိမိတို့ဖြေဆိုရမယ့်စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေထံမှ ထုတ်ယူရမှာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့မတ်လ(၁၇)ရက်မှ (၂၂)ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit -မူရင်း

#mercury#mercurynews#တက္ကသိုလ်ဝင်တန်း#ပြည်တွင်းသတင်း#ပညာရေး