Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

‘ချင်းချောင်းနန်းတော်’ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်မည်၊ နက္ခတ်တာရာကြည့်ပြခန်းပါဖွင့်ရန်ဆွေးနွေးနေ

၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ၊(၁၇)ရက်

ရန်ကုန်မြို့၊ကမ္ဘာအေးစေတီလမ်းရှိ ချင်းချောင်းနန်းတော်ကိုအမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ဖို့
ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နဲ့အမျိုးသားဇာတ်ရုံတို့ အသီးသီး တည်ထောင်ပြီး ဖြစ်သော်လည်း အမျိုးသားအနုပညာပြတိုက်တစ်ခုသာတည်ထောင်ဖို့ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ပန်းချီဆရာကြီးတွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းချက်အရ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)ကို အမျိုးသားပြတိုက်ဖြစ်အောင်ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစပြီးအခုချိန် အထိ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်နေတာဖြစ်တာဖြစ်ပါတယ်။

ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံကလိုက်လံစစ်ဆေးခဲ့ပြီး ပြင်ဆင်ပြီးပါက ခင်းကျင်းပြသွားမယ့်စီမံချက်၊ လျာထားချက်တွေ၊ ချင်းချောင်းနန်းတော်အတွင်း ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်းနဲ့ နက္ခတ်တာရာကြည့်ပြခန်း၊ ပြက္ခဒိန်ပညာဆိုင်ရာစာကြည့်တိုက်တို့ ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။