၂၀၂၅၊ဇန်နဝါရီလ၊၂၈ရက်
အယ်ဟီလယ်အသင်းရဲ့ နာမည်ကျော်ဘရာဇီးလ်ကစားသမား နေမာ ဟာ သူ့ရဲ့ ငယ်ဘဝကလပ်ဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ Sky Italiaသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နေမာဟာ အယ်ဟီလယ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာပြီး ကိုယ်တိုင်ကလည်း ဆော်ဒီမြေမှာ မပျော်ရွင်တာကြောင့် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ဆန်းတိုစ့်ဆီပြန်လည်ပြောင်းရွှေ့နိုင်ဖို့အတွက် အယ်ဟီလယ်အသင်းမှာ စာချုပ်အတိုင်း ရရှိဖို့ ကျန်နေတဲ့ အမေရိကန်ဒေါ်လာ ၆၅သန်းကို စွန့်လွတ်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ဆန်းတိုစ့်အသင်းကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် ဆန်းတို့စ် ပရိတ်သတ်တွေကတော့ လူမှုကွန်ရက်ပေါ်မှာ ဝမ်းပန်းတသာကြိုဆိုနေကြပါတယ်။